လွိုင်လင်မြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

လွိုင်လင် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်‌နေ့ နံနက် (၉) နာရီ (၃၀)မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွိုင်လင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ကလေးများနေ့ သီချင်းများနှင့် ကလေးများနေ့ကဗျာများကို သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများအား  ကာယစွမ်းရည်ပြိုင်ပွဲများကိုကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)