မိုင်းတုံ၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာအမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြော

မိုင်းတုံ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းနှင့်အဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ယမန်နေ့ နေ့လယ် (၂)နာရီက မြို့လယ်ဓမ္မရုံ၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေးအသိ ပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးမောင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ‌ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်နှင့် ကျန်းမာရေးဆိုင်ရာအမူအကျင့်ပြောင်းလဲရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ပြောကြားခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးတာဝန်ခံ ဆရာမ‌ဒေါ်နန်းလှ‌အေးက ကျန်းမာနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့်ပြောကြားပြီးနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းက တက်ရောက်လာသည့် ကိုယ်ဝန်သည်နှင့်ကလေးမိခင် (၆၀)ဦးအား အားဖြည့်စာ အဟာရအဖြစ် တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ အိုင်အိုဒင်းဆား (၁)ထုတ်နှုန်း စုစုပေါင်း ကြက်ဥ အလုံး(၆၀၀)နှင့် အိုင်အိုဒင်းဆားအထုပ်(၆၀) လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)