မြစ်သား ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ၂ နှစ်အထက် မှ ၁၅ နှစ်အောက် ဌာနဆိုင်ရာများမှဝန်ထမ်း သား၊သမီးကလေးငယ်များအား အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်(HAV) ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ထိုးနှံပေးသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် ၂ နှစ်အထက်မှ ၁၅ နှစ်အောက်ဌာနဆိုင်ရာများမှဝန်ထမ်း သား၊ သမီးကလေးငယ်များကို အသည်းရောင်အသားဝါအေဗိုင်းရပ်စ် (HAV)ရောဂါသည် ဗိုင်းရပ်စ်ပိုးဝင်သောအစားအစာများစားသောက်ခြင်းဖြင့် ပိုးကူးစက်ခြင်းခံရပြီး အသည်း ရောင်ရမ်းခြင်းကြောင့် အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်(HAV)ရောဂါပြန့်ပွားခြင်း မရှိစေရန် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများမှ ဝန်ထမ်းသား၊ သမီးကလေးငယ် ၂၄၀ ဦးတို့အား အသည်းရောင်အသားဝါအေဗိုင်းရပ်စ် (HAV) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရ သည်။
ဝါဝါမြင့်(မြစ်သား)