ကျောက်ဆည်တက္ကသိုလ်၌ ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌  ကျောက်ဆည်တက္ကသိုလ်နှင့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်းကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သတ္တဗေဒဌာနမှကြီးမှူးကျင်းပသော ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ရှိ THEATER ခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့‌ဝေက အမှာစကား ပြောခဲ့သည်။ ဆက်လက်၍ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာကြူကြူစန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်တင့်က  ‌ပျားမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ‌ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြဆရာ တိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်တင့်က သင်တန်းနည်းပြဆရာများက သင်တန်းသား/သင်တန်းသူ ၁၂၁ ဦးအား ပျားမွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပို့ချသင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းအား ဖေဖော်ဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)