ပျော်ဘွယ် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးပို့ခဲ့သည့် မန္တလေးငလျင်ကြောင့်ထိခိုက်ခဲ့သော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်သံဃာတော်များ၊ သီလရှင်များအား သံဃာတော်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ဝင်းကျောင်းပရိယတ္တိစာသင်တိုက်တွင်ကျင်းပသည်။
ဦးစွာ တက်ရောက်လာသည့်ဧည့်ပရိတ်သတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိန်မြင့်က ငလျင်ကြောင့်ပျက်စီးသွားခဲ့သောဘုန်းတော်ကြီးကျောင်းများအား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ၊ သံဃာအသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)