မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး 

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ဣစ္ဆာသယဘုန်းကြီးကျောင်းနှင့်ဓမ္မပါလဓမ္မာရုံများတွင် အသက် ၅နှစ်အောက်ကလေးများအား ကိုယ်အလေးချိန်ပေးခြင်း Vitamin A ဆေးလုံးတိုက်ကျွေးခြင်းနှင့် အာဟာရမုန့်များ ဖြန့်ဝေပေးခြင်း အသက် ၉ လမှ ၅ နှစ်အောက်ကလေးများအား ပိုလီယိုဆေးတိုက်ကျွေးခြင်းများကို ဖေဖော်ဝါရီ ၉ ရက်က မဟာအောင်မြေမြို့နယ် ရပ်ကွက်များသို့သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်များသို့ကွင်းဆင်း၍ လစဉ်ဆောင်ရွက်ပေးခဲ့ရာ ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ မိဘများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကလေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း