မဟာအောင်မြေ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ(ဆဋ္ဌမနေ့)ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11 ကျောင်းသား/ ကျောင်းသူများက (သိပ္ပံ/သမိုင်း/ရူပ) ဘာသာရပ်များကို သက်ဆိုင်ရာအတန်းအလိုက် ဖြေဆိုလျက်ရှိပြီး ကျန်ရှိသောဘာသာရပ်များကို ဖေဖော်ဝါရီ ၁၁ ရက်အထိ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာ၌ ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာဖြေဆိုနိုင်ရန် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာဆရာမများက စနစ်တကျ ကြီးကြပ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း