မြင်းခြံမြို့၌ (၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြင်းခြံ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်း၌ (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၉ ရက်က လောင်းလှူခဲ့ကြောင်း သိရသည်။

(၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော် အပါး ၈၅၀ ကြွရောက်အလှူခံတော်မူခဲ့ပြီး လောင်းလှူပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌‌စိုးထွဋ်‌နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက် လောင်းလှူခဲ့ကြသည်။

အဆိုပါ (၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်းဆန်တော် ၁၀၈၅ အိတ်နှင့် အခြားလှူဖွယ်ပစ္စည်းများ တန်ဖိုးငွေကျပ် ၁၃၃၅၀၅၀၀ အား မြို့နယ်အတွင်းရှိ သံဃာတော်အပါး (၈၅၀) လောင်းလှူခဲ့ကြောင်း သိရသည်။     

ချစ်ဦးနွေ(မြင်းခြံ)