ကျောက်ဆည်မြို့နယ်၌  အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

ကျောက်ဆည်  ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်အေဆေးများတိုက်ကျွေးကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဆေးထိုးစုရပ်များခွဲပြီး အပတ်စဉ်နေ့ရက်များသတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသောအသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအတွက် အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊မေးခိုင်ရောဂါ၊အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)