မဟာအောင်မြေ ဖေဖော်ဝါရီ ၁၀
မန္တလေးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းပိုင်းက ကျင်းပသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဘာသာရပ်ဌာနပေါင်း ၂၀ က တိုင်းရင်းသားရိုးရာ အစားအသောက်များရောင်းချခြင်းနှင့်အတူ လူငယ်ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ ဈေးရောင်းပွဲတော်သို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း