မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး

မိုင်းခတ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာ/ထောက်-၃ ဒေါ်နန်းခင်ညွန့်က ပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း‌ပြောကြားပြီး က‌လေးများအား ပုံပြင်ပြောပြခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ဂိမ်းကစားခြင်းများကို အခြေခံပညာကျောင်းမှ‌ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ပျော်ရွှင်စွာ ဂိမ်းကစားခဲ့‌ကြသည်။

မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)