ကျိုင်းတုံ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဦးစွာ ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စဝ်မြတ်မွန်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့် အမှတ်ပေးဒိုင်များက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများ ပြောကြားသည်။ ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများအလိုက် သံချပ်များ၊ အကပဒေသများဖြင့် စည်းလုံးညီညွတ်ပျော်ရွှင်စွာ ထမနဲထိုးယှဉ်ပြိုင်ဆင်နွဲနေမှုကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဆုရရှိသောအသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)