ပျော်ဘွယ်မြို့နယ်၌ တရားမဝင်အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များရောင်းဝယ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်များမှ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအနေဖြင့် တရားမဝင် အကောက်ခွန်မဲ့မော်တော် ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီက မော်တော်ဆိုင်ကယ်အရောင်းဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်း ပါဝင်သောအဖွဲ့သည် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များ ရှိ/မရှိ စစ်ဆေးခြင်း၊ တရားဝင်ခွင့်ပြုချက်ရရှိထားသော ဆိုင်ကယ်များကိုလည်း လိုင်စင်စာအုပ်ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ကြပြီး အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)