တံတားဦးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တံတားဦး ဖေဖော်ဝါရီ ၁၀

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် အခမဲ့ဖြန့်ဝေကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ၂၀-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ်ကွန်ဂရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော  မိန့်ခွန်းကောက်နှုတ်ချက်၊ ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ စာရေးဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် “နှင်းရည်ဆွတ်ဖျန်း ပွင်းပန်းစုံညီ”ကဗျာနှင့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ် မြောက် ပြည့်ထောင်စုနေ့ဆောင်ပုဒ်တို့ကို အရောင်အသွေးစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)