လိပ်သို ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ (ပဉ္စမနေ့) ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11 ကျောင်းသား/ ကျောင်းသူများက (သိပ္ပံ/ သမိုင်း/ ရူပ) ဘာသာရပ်အသီးသီးကို သက်ဆိုင်ရာအတန်းအလိုက် ဖြေဆိုလျက်ရှိပြီး ကျန်ရှိသော ဘာသာရပ်များကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာ၌ ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာ ဖြေဆိုနိုင်ရန် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဦးနှင့် ဆရာ/ဆရာမများက စနစ်တကျ ကြီးကြပ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း