ပုဂံ ဖေဖော်ဝါရီ ၇
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအား နယ်မြေများပိုင်းခြား၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ပြုပြင်/ထိန်းသိမ်းဌာနစုနှင့် စီမံ/ဘဏ္ဍာ/လုံခြုံဌာနစု၊ယဉ်ကျေးမှုနယ်မြေလုံခြုံရေးဌာနစိတ်တို့မှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသည့် နယ်မြေကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံနှင့်အမွေအနှစ်များ ထိခိုက်ပျက်စီးမှုများကို အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ည ၁၀ နာရီ ၄ မိနစ်အချိန်ခန့်နှင့် ၁၀ နာရီ ၂၂ မိနစ်အချိန်ခန့်တို့တွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ ထိခိုက်မှုရှိ/မရှိ အခြေအနေအား ဖေဖော်ဝါရီ ၃ ရက်နေ့ည ငလျင်လှုပ်သည်နှင့်ညအချိန်တွင် နယ်မြေအသီးသီးရှိ ဘုရားစောင့်အဖွဲ့များဖြင့်စိစစ်ခြင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်စောစောပိုင်းမှစ၍ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေးဌာန စိတ်အဖွဲ့များ၊ နယ်မြေအင်ဂျင်နီယာအဖွဲ့နှင့်နံရံပန်းချီအဖွဲ့များတို့သည်နယ်မြေအလိုက် ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
ဒီပါလင်း