လားရှိုး ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံကပေးပို့လာသော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ရှမ်းပြည် နယ်နေ့သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံက ပေးပို့လာသော ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်မှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အကအလှအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)