တာလေ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ယနေ့နံနက် (၈)နာရီက အမှတ်(၃) ရပ်ကွက်အတွင်းရှိ တာလေဘုန်းကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ထံမှပေးပို့လာသည့် သဝဏ်လွှာအား တာလေမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ပိုက ဖတ်ကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှမ်းစာပေနှင့် ယဉ်ကျေးမှူအသင်းဥက္ကဋ္ဌ ဦးစိုင်းသန့်ဇင်လတ်က ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်း၊ လားဟူ၊ ဝ၊ ကချင်အစရှိသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေကပြခဲ့ကြပြီး တာလေမြို့၊ အမှတ်(၃၈၈) အမြောက်တပ်ရင်းမှ တပ်နယ်မှူး ဗိုလ်မှူးစိုင်းနန္ဒက တိုင်းရင်းသားယဉ် ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)