တနိုင်း ဖေဖော်ဝါရီ ၆
တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် စျေးမီးဘေးလုံခြုံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းလုပ်ငန်းများကို နေ့လယ် ၁၂ နာရီတွင် မြို့မစျေးကြီးအတွင်းနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက်သည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦးမှ အများပြည်သူများကို မီးလောင်မှုနှင့်ပက်သက်၍ မီးလောင်မှုမဖြစ်စေရန် မိမိတို့အိမ်တွင် မီးလောင်မှုများအဖြစ်များသည့် မီးဖိုများ သပ်သပ်ရပ်ရပ်ထားရှိရန်၊ မိမိတို့အိမ်တွင် မီးများမွှေးပြီး ငြိမ်းသတ်စေရန်၊ အိမ်နှင့်ဆိုင်ခန်းများတွင် မီးသတ်ဆေးဗှုးများထားရှိရန်၊ မီးလောင်ကျွမ်းနိုင်သည့်အရာဝတ္ထုများ၊ ဓာတ်ဆီ၊ ဒီဆယ်များမီးနှင့် ဝေးသောနေရာတွင်ထားရှိရန် မှာကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့များက မီးလောင်မှုဖြစ်ပွားပါက တစ်ယောက်ထဲမီးငြိမ်းသတ်ခြင်း၊ နှစ်ယောက်မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗှုးဖြင့်ဖျန်း၍ မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပြီး စျေးသူ/စျေးသားနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုထမ်းများက ကိုယ်တိုင်လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မီဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ် လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးဘောက်နော်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် ရဲမှူးမြသောင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးသန့်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များ၊မီးသတ် တပ်အဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စျေးသူ/ စျေးသားများ အင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)