နန်းတော်ရာစံ​ပြစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

အမရပူရ  ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်ရှိ နန်းတော်ရာ စံပြစျေး၌ ယနေ့နေ့လယ် ၁၂ နာရီက အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို အဆိုပါ စျေးတွင်ပြုလုပ်ခဲ့သည်။

ဦးစွာ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက်နှင့်သန္ဓေတပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ရှိသူများက စျေးအတွင်းလှည့်လည်ကြည့်ရှုပြီး မလိုအပ်သော ပစ္စည်းများနှင့်မိုးကာများ စနစ်တကျ ထားသိုနိုင်ရေးတို့ကို စျေးတာဝန်ခံများအားမှာကြားခဲ့သည်။ ထို့နောက် စျေးသူစျေးသားများနှင့် စျေးတာဝန်ရှိသူများအား မီးဘေးနှင့်ပတ်သက်သည့်ဗဟုသုတများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းကို စျေးသူစျေးသားများ ကိုယ်တိုင်လုပ်​ဆောင်စေခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြမှုကို  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)