သုံးခွ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်က မီးပေါ့ဆမှုကြောင့်သာ မန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်ကို ဟောပြောရှင်းလင်းပြသသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ် ၂ စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် ၁ စီးဖြင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စျေးသူစျေးသားများက မီးသတ်ဆေးဘူးဖြင့် စနစ်တကျအလွယ်တကူမီးငြှိမ်းသတ်နည်း၊ ဂက် (စ်) မီးဖိုယို့စိမ့်၊ ပိုက်ပေါက်မှုကြောင့် မီးလောင်မှုဖြစ်ခြင်းအား မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
မီးငြိမ်းသတ်ခြင်း သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်မျိုးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးမိုး၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် စျေးသူ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)