မောက်မယ်မြို့နယ်၌(၇၉)နှစ်မြောက်ရှမ်းပြည်နယ်နေ့စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကွင်းဆင်းကြည့်ရှု

မောက်မယ် ဖေဖေါ်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်နမ့်ယွမ်း‌ဂေါက်ကွင်းတွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဝင်များနှင့်အတူ လုပ်ငန်းများပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စျေးပွဲတော်နှင့်အတူ ဖေဖေါ်ဝါရီ ၆ ရက်နေ့ ညပိုင်းတွင် ရှမ်းအဆိုတော်များ၊ ဗအိုဝ်းအဆိုတော်များနှင့် တိုင်းရင်းသားရိုးရာအကများပါ ထည့်သွင်းဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)