မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် တောင်ယာမီး၊ တောမီးများ မရှို့ရန် အသိပညာပေး ဆောင်ရွက်

မိုင်းယု ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေးနှင် တောယာမီး၊ တောမီးများ မရှို့ကြရန်အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က မြို့မရပ်ကွက်၊ ဒေါင်းနေရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲဆောင်ရွက်ရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးနှင့် တောမီးများရှို့ခြင်းတို့မှ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုဒဏ် ဖြစ်ပါ်လျက်ရှိကြောင်း၊ မိမိတို့ဒေသအတွင်း မီးခိုးမြူငွေ့ကင်းစင်ရေး အတွက် တောင်သူတို့အနေဖြင့် တောင်ယာမီးနှင့် တောမီးများရှို့ခြင်းကို မပြုလုပ်ကြရေးအတွက် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့၌ ပါဝင်သည့် စိုက်ပျိုးရေး၊ ပညာရေး၊ စာတိုက်နှင့် မီးသတ်ဦးစီးဌာနတို့က တောင်ယာမီးနှင့် တောင်မီးရှို့ခြင်းတို့မှ ထွက်ပေါ်လာသည့် မီးခိုးမြူငွေ့များကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မျက်စိစပ်ခြင်းနှင့် ချောင်းဆိုးခြင်းစသည့် ဆိုးရွားသည့် အန္တရာယ်များဖြစ်ပေါ်နိုင်ခြင်းကြောင့် မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် လေထုညစ်ညမ်းမှုလျော့ချရေးတို့၌ အားလုံးပူးပေါင်းပါဝင်ရေး၊ တောင်ယာမီး၊ တောမီးများ မရှို့ကြရေးအတွက် ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းယု ပြန်/ဆက်