မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးခိုးမြူလျှော့ချရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း ဖေ‌ဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မီးခိုးမြူလျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ဖေဖာ်ဝါရီ    ၄ ရက်နံနက်၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ နောင်ဟွိုင်ကျေးရွာနှင့် နမ့်မုတ်ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြောကြားသည်။

ထို့နောက် စစ်ကြောင်းကြီး ၅ ကြောင်းတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာနေပြည်သူများအား သက်ဆိုင်ရာကဏ္ဍများ အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူလျော့ချရေးဆိုင်ရာများ၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော မီးခိုးမြူများ၏ နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာသိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး