လဲချား ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်က ကျန်းမာရေဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေမှုများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆိုင်ရာ မှတ်တမ်းဗွီဒီယိုအား ရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)