ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကင်း ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် အောင်ချမ်းသာလမ်းရှိ GANAD ကုမ္မဏီမှ ဝန်ထမ်း(၃၀)ဦးတို့အား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းက မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးကာ ဝန်ထမ်းများအား မီးသတ်ဆေးဘူးထားရှိမှု၊ မီးချိတ်မီးကပ်နှင့်‌ ရေအိပ်များထားရှိမှု၊ ရေကန်သိုလှောင်ထားရှိမှု၊ ရှုပ်‌ထွေးပျက်ဆီးနေသော လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်ရန်လိုအပ်‌‌မှု၊ ရုံးဆင်းချိန်များတွင်လည်း မိန်းခလုတ်များအား ပိတ်ပြီးမှ ရုံးဆင်းကြရန် တိုက်တွန်းမှာကြားပြီး မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲ‌မင်း (ပြန်/ဆက်)