မြစ်သား ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ထက်မြက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က သင်တန်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၇ ရက်အထိ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ တို့တက်ရောက် လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)