ပူတာအို ဇန်နဝါရီ ၈
ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်သည် တာ၀န်ရှိသူများ လိုက်ပါလျက် ၂၀၂၀-၂၀၂၁ခု နှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၀န်ထမ်းအိမ်ရာ R.C (၄) ခန်းတွဲ နှစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်း အခြေအနေနှင့် ကျေးရွာကုန်ထုတ် လမ်းဖောက်လုပ်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်မည့် ကျေးရွာ (၃) ရွာမှ လမ်းကော်မတီ၀င်များနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၈၀.၈၀၀) သန်းဖြင့် ၀င်းလုံကျေးရွာ ကုန်ထုတ် မြေသားလမ်း (၁) မိုင် ၁၂ ပေ ၂ ပေ ၊ သဲကျောက်လမ်း (၁) မိုင် ၁၂ ပေ ၉ လက်မနှင့် Box Culvert ၁၈ပေ ၆ပေ ၆ ပေ (၃) စင်း၊ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၃၄.၇၈၀) သန်းဖြင့် ဝါးဆားကျေးရွာ ကုန်ထုတ်လမ်း မြေသား လမ်း (၀/၄) မိုင် ၁၂ ပေ ၂ ပေ၊ သဲကျောက်လမ်း (၁) မိုင် ၁၂ ပေ ၉ လက်မနှင့် Box Culvert ၁၈ ပေ ၆ ပေ ၆ ပေ (၁) စင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၄၅.၇၈၀) သန်းဖြင့် မာမိန်ရှီးဒီကျေးရွာကုန်ထုတ်လမ်း မြေသား လမ်း (၀/၄) မိုင် ၁၂ ပေ ၂ ပေ၊ သဲကျောက်လမ်း (၀/၄) မိုင် ၁၂ ပေ ၉ လက်မနှင့် Box Culvert ၁၈ ပေ ၆ ပေ ၆ ပေ (၂) စင်း တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း (၂၈၀.၆၇၀) သန်းဖြင့် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (၄) ခန်းတွဲ (၂) ထပ်၀န်ထမ်း အိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)