ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်း ဇန်န၀ါရီ ၃၀

ကျောက်တန်းမြို့နယ်၊ ရွှေ​ပြည်သာယာ​ရပ်ကွက်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အသိပညာပေးဆောင်ရွက်မှုကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အိမ်ခြေ (၁၂၀) အား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်း၊ အသိပညာပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ဆက်သွယ်ရန် မီးသတ်ဖုန်း ၁၉၁ သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)