ဒဂုံ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့နယ် ဦးစီးအရာရှိ ဦးကျော်သူဟိန်းက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ဆက်လက်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဖတ်ရှုလိုသည့် စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့် ကာယ၊ ဉာဏပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)