လသာမြို့နယ် အမှတ် (၂) အ‌ခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကျင်းပ

လသာ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမြညီလာခန်းမ၌ ယနေ့နံနက်‌ ၁၀ နာရီအချိန်က ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်နန်းသဲနုအောင်က အဖွင့်အမှာစကားပြောကြားကာ တိုင်းရင်းသားယဉ်ကျေးမှုများကို မြတ်နိုးထိန်းသိမ်းရန် အရေးကြီးကြောင်းကို အထူးအလေးထားပြောကြားခဲ့သည်။ ထို့နောက် Grade-6၊ Grade-7၊ Grade-8 ကျောင်းသူများက ထာဝရသစ္စာသီချင်းနှင့် စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် သီချင်းများကို သရုပ်ဖော်တင်ဆက်ကာ Grade-5 ကျောင်းသူများက နောင်အင်းလေးသီချင်းနှင့် ကပြဖျော်ဖြေခဲ့ပြီး ဆက်လက်၍ တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ တင်ဆက်ပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူများမှ စိတ်ပါဝင်စားစွာ အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်‌ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

နေလင်း (ပြန်/ဆက်)