လသာ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန်က ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးကျော်စံရွှီ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ ဆရာ/ဆရာမများ၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲတွင် အသင်း (၅) သင်း ပါဝင်ယှဉ်ပြိုင်ကာ ကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းစေရန် ရည်ရွယ်၍ ထမနဲပြုလုပ်ရာတွင် အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ အရသာနှင့် ဖန်တီးမှုများကို အကဲဖြတ်ကာ ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲအဆုံးတွင် ထူးချွန်စွာယှဉ်ပြိုင်နိုင်ခဲ့သည့် အသင်းများအား အဆင့်အလိုက်တာ၀န်ရှိသူများကဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ယခုကဲ့သို့ ကျောင်းအတွင်း ယဉ်ကျေးမှုနှင့် အားကစားအခြေပြုလှုပ်ရှားမှုများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေလင်း (ပြန်/ဆက်)