ကျောက်ဆည် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေးနှင့်ပြည်သူများထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ယမန်နေ့နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြက္ခရွေကြိုးဝိုင်းအကွက်အမှတ်(၃)၌ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းများအား ပွဲလုံးကျော်ကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ၌ ကျောက်ဆည်ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဘိုက ကျေးရွာသုံးစိုက်ခင်းစိုက်ပျိုးခြင်း၊ အခမဲ့ထင်းပေးဝေခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးအရာရှိ ဦးသန့်ဇင်နှင့်အတူပြက္ခရွေ ကြိုးဝိုင်းအကွက်အမှတ်(၃)၊ ၁/၂၀၁၉ (၅၀)ဧက ကျေးရွာသုံးစိုက်ခင်းမှ ထွက်ရှိသော ယူကလစ်၊ မဲဇလီ၊ ကုက္ကိုထင်း ၂၂ တန်အား ပွဲလုံးကျော်ကျေးရွာမှ အိမ်ထောင်စု ၆၀ စုထံသို့ လက်ဝယ်အရောက် အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)