မိုင်းရှူး ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုကို အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် နောင်လာနောက်သားနှင့် ပြည်ထောင်စုအမွေ၊ ပြည်ထောင်စုပန်းတိုင်သို့ တို့လှမ်းကိုင်ကြစို့၊ အလယ်တန်းဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် အနာဂတ်လှပဖို့ ပြည်ထောင်စုကိုတည်ဆောက်စို့၊ သွေးချင်းညီနောင်တို့ပြည်ထောင်၊ ပါစတာတွင်ဒို့မြေဒို့ရေ ပြည်ထောင်စုအမွေ စသည့်ခေါင်းစဥ်များဖြင့် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီးပြိုင်ပွဲကို မြို့နယ်အဆင့် အခြေခံပညာကျောင်းများရှိ ထက်ဆင့်(၅)ဦး၊ လယ်ဆင့်(၁၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး လာရောက်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)