ကျောက်ဆည် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ အထောက်အပံ့ရှိစေရေး ဇန်နဝါရီ ၂၇ ရက်က ကျေးရွာသုံးရွာနှင့် ရပ်ကွက်တစ်ခုတွင် ပြည်သူများအားဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားသုံးဆီနှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်းသိရသည်။
စားအုန်းဆီများရောင်းချရာ၌ ဒေါ်စန်းစန်းဌေး (နေလသုခ -၂)ဆီအရောင်းဆိုင်မှ မင်းရပ် ရပ်ကွက်ပြည်သူများ စားအုန်းဆီ ပိဿာ ၃၃၀ ၊ ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ ဒွေးလှကျေးရွာပြည်သူများအား စားအုန်းဆီ ပိဿာ ၁၁၀ ၊ ဒေါ်ကေဇာခိုင် (ဗိုလ်တထောင်) ဆီအရောင်းဆိုင်မှ လေးဆယ်ကုန်း ကျေးရွာပြည်သူများအား စားအုန်းဆီ ပိဿာ ၁၁၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)