လှိုင်သာယာ ဇန်နဝါရီ ၂၈
အများယုံကြည်ထောက်ခံသည့် ရွေးကောက်ပွဲမှသည် ''ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မဲရုံ (၁၀၃) ရုံ၌ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာရွေးချယ်လျက် ဆန္ဒမဲပေးကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသည် နံနက် (၆) နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိကြပြီး မဲရုံဖွင့်လှစ်ချိန်တွင် လွှတ်တော်အသီးသီးတို့တွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လွှတ်တေနိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းများအားတိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၁၅) အုပ်စုတို့တွင် မဲရုံစုစုပေါင်း (၁၀၃) ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၆၉၇၀၀) ဦးရှိကြောင်း သိရသည်။
ကျော်သန်း (ပြန်/ဆက်)