သင်္ဃန်းကျွန်းခရိုင်တွင် ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပပြုလုပ်

သင်္ဃန်းကျွန်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စိုးယုလှိုင်နှင့် စာရေးဆရာမ ပေါက်ပေါက်တို့က ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စာရေးဆရာမပေါက်ပေါက်က စားသုံးဆီ ၃ မျိုးရှိကြောင်း၊ မပြည့်ဝဆီ (သင့်တင့်စွာစားသုံးနိုင်သောဆီ (မြေပဲဆီ၊ နှမ်းဆီနှင့် ငါးမှရသည့် အဆီ)၊ ပြည့်ဝဆီ (စားအုန်းဆီ၊ တိရစ္ဆာန်မှရသည့် ဆီ)၊ ပြန်ကြော်ဆီ၊ အသွင်ပြောင်းဆီ) စသည်တို့ဖြစ်ကြောင်း၊ လူတစ်ဦးနေ့စဥ် စားသုံးသင့်သည့် ပမာဏမှာ (၁ နှစ် မှ ၃ နှစ်) ၁.၂၅ ကျပ်သား၊ (၄ နှစ်မှ ၆ နှစ်) ၁.၅၀ ကျပ်သား၊ (၇ နှစ်မှ ၁၂ နှစ်) ၂ ကျပ်သား၊ (၁၃ နှစ်မှ ၁၉ နှစ်) ၃.၅၀ ကျပ်သား၊ အရွယ်ရောက်ပြီးသူများ ၁.၅၀ ကျပ်သားနှင့် ကိုယ်ဝန်ဆောင်မိခင်များ ၂ ကျပ်သားစားသုံးနိုင်ကြောင်း၊ ဆီကိုလိုအပ်သည်ထက် ပိုမိုစားသုံးပါက အဝလွန်ခြင်း​၊ သွေးကြောတွင်း အဆီပိတ်ကာနှလုံးရောဂါဖြစ်နိုင်ကြောင်း၊ လေငန်းလေဖြတ်ရောဂါဖြစ်နိုင်ကြောင်း၊ ဆီချို၊ လေးဖက်နာ၊ သွေးတိုး၊ အဆစ်အမြစ်ရောင်နှင့် အသည်းအဆီဖုံးရောဂါများ ဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဆီစား၍ အသားမဖြစ်၊ ဆီစားများရင်ဘေးဖြစ်၊ ဆီကိုရှောင်အိုတောင်နုပျိုဆဲ ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအသိ/သတိရှိကြစေလိုကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

​ဇော်မိုး