မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက သုဓမ္မာလမ်းမပေါ်၊ ကန်သာယာမှတ်တိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်မှူးစစ်မင်းအောင်နှင့် တပ်ဖွဲ့၀င်များ၊ အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များပါ၀င် သောပူးပေါင်းအဖွဲ့က သုဓမ္မာလမ်းမပေါ်၊ ကန်သာယာမှတ်တိုင်ရှေ့တွင် သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မောင်းနှင်စဉ် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်းကြရန်၊ ယာဉ်မောင်းနှင်းစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)