ပြင်ဦးလွင် ဇန်နဝါရီ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင် က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာထွက်ရှိတဲ့ ကုန်ကြမ်းများကိုအခြေခံပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များသည် အသက်မွေးဝမ်းကျောင်း ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နိုင်၍ မိသားစုဝင်ငွေတိုးပွားရရှိအောင် ဆောင်ရွက်နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသော လုပ်ငန်းကိုလည်း လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အမြတ်အစွန်း ရရှိမှုထက် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးကို အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင် ထုတ်ကုန်များအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင်ဈေးသက်သက်သာသာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ကွတ်ကီး၊ ကိတ်အမျိုးမျိုး၊ ပီဇာ၊ ပဲပေါင်မုန့်၊ ကြက်ဥပူတင်းပေါင်မုန့်၊ ကြက်မျှဉ်ပေါင်မုန့်၊ အမျိုးမျိုးစသည့် ဈေးကွက်ဝင်ထုတ်ကုန်များကို သင်ကြားပေးမည့်အပြင် Food Safety၊ Quality Control ဆိုင်ရာများ၊ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည့် ဈေးကွက်ဆိုင်ရာ သဘောတရားများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ရက်သတ္တတစ်ပတ်ကြာ ပို့ချမည်ဖြစ်ရာ သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)