ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မီးခိုးမြူ‌‌ငွေ့ဖြစ်‌ပေါ်သည့် မီး‌လောင်ကျွမ်းမှု(Fire Hotspots) ဖြစ်ပွားသဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ပြင်ဦးလွင် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ကြိုးပြင်ကာကွယ်တောတွင် လမ်းသွားလမ်းလာတစ်ဦးမှ မီးရှို့ခဲ့သဖြင့် ယနေ့နံနက်ပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါ‌ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းဦးဆောင်သော အဖွဲ့သည် ရတနာပုံမြို့သစ် နယ်မြေမီးသတ်စခန်း၊ သစ်တောဦးစီးဌာန၊  ပြင်စာကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မီးလောင်သည့်မြေနေရာ(၅)ဧကခန့် လောင်ကျွမ်းခဲ့သည်။

ထို့‌နောက် အလားတူဖြစ်စဉ်မျိုးမဖြစ်စေရန်  ပြင်စာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာသူ၊ ကျေးရွာသား(၂၁)ဦးတို့အား ပြင်ဦးလွင်ခရိုင်၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး က “မီးခိုးမြူငွေ့အန္တရာယ်ကာကွယ်ရေးတို့များဝိုင်းဝန်းဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်အသိပညာပေး ဟောပြောသည်။ ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မီးခိုးမြူ‌‌ငွေ့ဖြစ်‌ပေါ်သည့် မီး‌လောင်မှုများ ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)