သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆို

ဘားအံ ဇန်နဝါရီ ၂၇

ပြည်သူလူထု၏ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်နိုင်ရန် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် သူနာပြုများမွေးထုတ်ပေးနိုင်ရေးအတွက် သူနာပြုသင်တန်းကျောင်း(ဘားအံ)ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ သူနာပြု-သားဖွားဦးရေ ၁၄၁၃ ဦးကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ဒေသအသီးသီးမှတက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအား လှိုက်လှဲဝမ်းမြောက်ကြိုဆိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူ (၇၁)ဦး အတွက် ငွေကျပ် ၁၄၂၀၀၀ဝ ကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းကျောင်းအုပ်ကြီးဒေါ်နီနီချိုက မောင်မယ်သစ်လွင်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဒေသအလိုက်သစ်လွင်သူနာပြုသင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ King & Queen ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာခဲ့ကြောင်း  သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)