ကျောက်ဆည်မြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးအသိပညာပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများမှ အခွန်ကိုလိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီက  ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အတူ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်အေးအေးသင်းက လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးများ၊ မြို့နယ်အတွင်းရှိ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရသည့်လုပ်ငန်းများ၌ “နိုင်ငံကြီးသားပီသစွာ  ဤဆိုင်တွင် အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းချိတ်ဆွဲထားရှိရေးနှင့် လုပ်ငန်းရှင်များအနေဖြင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချမှုရှိစေရေး စစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)