ချမ်းမြသာစည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်း၏အကျိုး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ကျောင်းသား/ ကျောင်းသူလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာအုပ်များကိုလည်း ဖတ်ရှုကြစေလိုကြောင်း အသိပညာပေး ဟောပြောပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ ၂၀ ပါဝင်ယှဉ်ပြိုင်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမား ခိုင်းစေမှုလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်)