ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး စစ်ဆေး

ကျောက်ဆည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ဈေး၌ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးမှူး ဦးသက်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်ဇင်ဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မီးဘေးအန္တရာယ်လုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ၌ လျှပ်စစ်အသုံးပြုမှုများ စစ်ဆေးခြင်း၊ မီးသတ်ရေငုတ်များအား ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်း၊  ဈေးအတွင်း ကုန်ပစ္စည်းများအား လိုအပ်သည့်ပမာဏထက် ကျော်လွန်၍ သိုလှောင်ခြင်း မပြုစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)