ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာ၌ အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု ကျောက်တောကျေးရွာတွင် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးညွှန့်ဝင်းနှင့် ရပ်စောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်တို့က အမှာပြောကြားခဲ့ကြ သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းမှ ဆုရှိသူများနှင့်သင်တန်းသူများအား အပ်ချုပ်စက်နှင့် သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးညွှန့်ဝင်း၊ ရပ်စောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သင်တန်းဆင်းသင်တန်းသူများတက်ရောက်ခဲ့‌ကြကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်