မိုင်းနောင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ

မိုင်းနောင် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါရှိသည့် မဲဆန္ဒရှင်ပြည်သူများ နံနက် (၆) နာရီအချိန်မှစ၍ စနစ်တကျလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ မဲရုံမဖွင့်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား မဲရုံကိုယ်စားလှယ်များကို ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက် (၆) နာရီတိတိတွင် မဲရုံမှူးကမဲရုံကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းအမှတ်စဥ်လက်မှတ်ပြသ၍ လျို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။

မိုင်းနောင်မြို့ရှိ မဲရုံများသည် မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် တွင်ပါရှိ၍မြို့ပေါ် (၅) ရပ်ကွက်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ကျေးရွာအုပ်စုများ အသီးသီး၌ မဲရုံများဖွင့်လှစ်ကာ ပြည်သူများအားလုံး ပျော်ပျော်ပါးပါးလွတ်လပ်စွာ ဆန္ဒမဲပေးကြကြောင်း သိရှိရသည်။

မနန်း