ပင်းတယ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသနေပြည်သူများတစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးရေးအတွက် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” အမှတ်(၁/၂၀၂၅-၂၀၂၆) ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်အေးအေးသန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ရာသင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက်ဒေသ စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းဝင်းက သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းမှတ်စု စာအုပ်များပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ(၃၀)ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)