ကျောက်မဲမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး

‌ကျောက်မဲ ဇန်နဝါရီ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် နိုင်ငံအတွင်း ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံအသီးသီး၌ ယနေ့နံနက် (၆) နာရီက စတင်ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပလျက်ရှိရာတွင် မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးများ တပ်ဆင်ပြီးနောက် နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ရာ ကျောက်မဲမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံအသီးသီး၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဆန္ဒပြုရွေးချယ်မဲပေးလျက်ရှိသည်။

ကျောက်မဲမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက် ၉ ခု ကျေးရွာအုပ်စု ၅ စု စုစုပေါင်း ၁၄ ခုတို့တွင် မဲရုံစုစုပေါင်း ၂၅ ရုံ ရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၅၀၂၉၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကျောက်မဲ (ပြန်/ဆက်)