နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ မိုင်းယောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းမြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများ၊ မိုင်းယောင်းမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ တောင်သူများ စုစုပေါင်းအင်အား ၆၅ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း