တောင်ကြီး ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီ (၂၅) ရက် နံနက် (၆) နာရီမှစတင်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့်အဖွဲ့ဝင်များ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။
ထိုအတူ ရှမ်းပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြကြောင်းသိရသည်။
ထက်ဝေအောင်(ပြန်/ဆက်)